လယ်ဝေး ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းဩဂုတ်လ ၃ ရက်နေ့နံနက်(၄) နာရီက မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာများရှိမြေနိမ့်ပိုင်းနေရာများတွင် ရေဝင် ရောက်ခြင်းများ ဖြစ်ပွားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန်သာရွာနှင့်ရွှေဟင်္သာရွာ ဆက်သွယ်ထားသည့် အရှည်ပေ(၁၃၀)ရှိ ကိုယ့်အား ကိုယ်ကိုးသစ်သားတံတား ထက်ဝက်ကျိုး၍ ရေနောက်မျောပါ ပျက်စီးခြင်း၊ မင်းပြင်ရွာတွင် ကိုးကွေ့ ချောင်းရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်းရေဝင် ရောက်ခြင်း၊ သဲဖြူကျေးရွာတွင် လူနေ အိမ်(၁)လုံး ရေနောက်မျောပါပြီး နေအိမ်(၆၆)လုံးခန့် ရေဝင်ရောက်ခြင်း၊ လယ်မကျေးရွာ တွင်လယ်မချောင်း ရေမြင့်တက်မှုကြောင့် လူနေအိမ် (၁၂၀)ခန့်ရေဝင်ရောက်ပြီး ဆန်(၅)တင်း၊ စပါး(၁၅၀)တင်းနှင့် ဝက်(၂) ကောင်ရေနောက် မျောပါခြင်း၊ သစ်ပုတ်ပင်ကျေးရွာတွင် ချောင်းရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းအိမ်ခြေ (၂၀၀)ခန့် ရေလျှံမှုများဖြစ်ပွားကာ လူနေအိမ်(၃)လုံး မျောပါပြီး (၂)လုံးပျက်စီးခြင်း၊ စစ်တောင်း မြစ်ရေမြင့် တက်မှုကြောင့် အေးချမ်းသာကျေးရွာမြစ်ကူးတံတား (၆၄)ပေခန့် ရေနောက်မျောခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါကျေးရွာများရှိ ရေနောက်မျောပါ/ပျက်စီးသွားသည့် အိမ်ထောင်စုများသည် နီးစပ်ရာဆွေမျိုးများ နေအိမ်၌ ယာယီနေထိုင်လျက်ရှိပြီး ချောင်းရေလျှံကာရေဝင်ရောက်ခဲ့ သည့်ကျေးရွာများတွင် ယနေ့ နံနက်ပိုင်းက ရေများ ပြန်လည်ကျဆင်းသွားခဲ့သည်။ ၎င်းကျေး ရွာများ၏ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက် ရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)