မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေမရှိသော အခြခံလူတန်းစား အိမ်ထောင်စု ၉၂ စု အတွက် ဒုတိယ အကြိမ်ထောက်ပံ့ငွေများပေးအပ်

 

မန့်ဟီးရိုး ဩဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၉၂ စုအတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေကျပ်     ၁၃သိန်း ကျော်ကို ဩဂုတ်လ ၃ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။                            

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့အဆင့် ကိုဗစ်-19ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဉက္ကဌ ဦးစိုင်းမြတ်အောင်နှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မန့်ဟီးရိုးမြို့အတွင်းရှိ ရပ်ကွက် (၃)ရပ်ကွက်မှ အခြေခံလူတန်းစားအိမ်ထောင်စုများထံသို့ လည်း ကောင်း၊ ကျေးရွာများတွင်  ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များနှင့် ကျေးရွာစာရေးများက အခြေခံ လူတန်းစား အိမ် ထောင်စုများထံသို့ လည်းကောင်း လက်ဝယ်အရောက် အိမ်တိုင် ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ် ခဲ့သည်။                                              

မန့်ဟီးရိုးမြို့အနေဖြင့် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ(၁၆)ရွာမှ အိမ်ထောင်စု(၉၂)စု အတွက် ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် တတိယ အကြိမ် ထောက်ပံ့ ငွေကျပ်(၂၀၀၀၀/-)နှုံးဖြင့် စုစုပေါင်းငွေကျပ်(၁၈၄၀၀၀၀/-)  ကိုလည်း ဩဂုတ်လအတွင်း ပြည်သူ့ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရှိရသည်။

မြို့နယ်(ပြန်ဆက်)