နယ်ရုံးများ၏သတင်းများ

Aug 19,2020
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊  အမြန်လမ်း(၁၁၅)မိုင် ယာဉ်ရပ်နားစခန်းတွင် ဖြူးမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်   ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဦးဆောင်၍ဌာနဆိုင်ရာများနှင့်ပူးပေါင်း ကာ ဈေးဆိုင်ခန်းများ အား၊ ဩဂုတ်လ (၁၉) နံနက်(၉)အချိန်တွင်သွားရောက်စစ်ဆေးခဲ့သည်။
Aug 19,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး  ဇီးကုန်းမြို့နယ် အနောက်ဖက်ခြမ်းကျေးရွာများသို့ သွားရောက်၍ပြသခြင်း ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Aug 19,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စုစုပေါင်း လာရောက်ကြည့်ရှုသူ (၃၄၇၉၈) ဦးရှိကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီအချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏    စီစဉ်ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉အသိပညာ ပေးဆိုင်းဘုတ်များကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍    ယနေ့  နေ့လယ်ပိုင်းက သဲကုန်းမြို့ မြို့၀င်မြို့ထွက် ကာလမ်းဘေးနှင့်   ဆင်မြီးဆွဲမြို့ ကားလမ်း ဘေးတွင်  စိုက်ထူဆောင်ရွက်ခဲ့သည်။
Aug 19,2020
ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့နှင့် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်းကိစ္စရပ်များဆွေးနွေး ခြင်းကို သြဂုတ် ၁၉ ရက် နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင် ရုံးခန်းမ၌ပြု လုပ်ဆောင်ရွက်ကြသည်။