အုတ်တွင်းမြို့နယ်တွင် လူမှုရေးရာအသိပညာပေး သင်တန်းဖွင့်လှစ်

အုတ်တွင်း   သြဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော လူမှုရေးရာ အသိပညာပေးသင်တန်းကို ယမန်နေ့နံနက်၉နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သီရိရတနာခန်းမ၌ပြု လုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများအချက်()ချက်ပါ ရှေးဦးအရွယ်ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်း၊ အမျိုးသမီးဖွံဖြိုးရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင် ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက် ရေး လုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ အားထောက်ပံ့ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်မျိုး၊ ဦးစီးအရာရှိ ဒေါ်လှိုင်သဇင်ကျော်၊ Case Manager  ဒေါ်သိမ့်သိမ့်ဝင်းတို့က အသီးသီးသင်တန်းပို့ချ ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းကို မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီး ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း တာဝန်ခံဆရာမများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရှိရပါသည်။

ခင်မာ(ပြန်/ဆက်)