လသာမြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိရေး တစ်အိမ်ချင်းအလိုက် ကွင်းဆင်းစစ်ဆေး

လသာ  ဩဂုတ်  ၁၉

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေးနှင့်  ကျန်ရှိမှုမရှိရေးအတွက် မဲစာရင်းများ တစ်အိမ်ချင်းအလိုက် ကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရပ်ကွက်များ ယမန်နေ့နံနက် ၁၀ နာရီက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံများ စုပေါင်း ဆောင်ရွက်ကြောင်း သိရ သည်။

ကွင်းဆင်းစစ်ဆေးရာတွင် အဖွဲ့ခွဲတာဝန်ခံများက ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာမှုအား လာရောက်ကြည့်ရှု စစ်ဆေး ရာတွင် ကျန်ရှိသည့် မဲဆန္ဒရှင်အမည်နှင့် လူဦးရေစာရင်း   တစ်ဦးချင်း အလိုက် အချက်အလက် မှန်ကန်ပြည့်စုံမှု  ရှိ/မရှိ၊  ကျန်ရှိမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပေးပြီး ကျန်ရှိသူများ၏ အမည်စာရင်းများကို ပုံစံ(-က)ဖြင့် လျှောက်ထားနိုင်ရေး ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလတွင်  ဒုတိယအကြိမ်  ကြေညာပေး မည်ဖြစ်ကြောင်းသတင်းရရှိသည်။

မေသူ(ပြန်/ဆက်)