နယ်ရုံးများ၏သတင်းများ

Mar 19,2020
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသအတွင်း ခြင်မှတဆင့် ကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး ယမန်နေ့က ကျီခါးမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ် (စ်) COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၉) နာရီအချိန်က စာကြည့်တိုက်သို့ လာသူတိုင်း လက်ဆေးခြင်းဖြင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် စမ်းကောက် ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Mar 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်းအား မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဇန်နဝါရီ ၊ ဖေဖေါ်ဝါရီ၊ မတ်) သုံးလစာအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ထွေးရီနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ အမှတ်(၁၀)ရပ်ကွက်ရှိ အဘွားဒေါ်ခင်ကြည်ထံ အိမ်တိုင်ယာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
Mar 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဟိုပုံးပြည်သူ့ဆေးရုံအစည်း အဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
Mar 19,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ COVID-19 ရောဂါကာကွယ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်ရေး အပူချိန်တိုင်းတာ ဆောင်ရွက်ခြင်းကို ကော့ကရိတ်မြို့ လိုင်ဝစစ်ဆေးရေး ဂိတ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များ စသည့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၁၁) နာရီ ခွဲအချိန်က လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။