ရန်ကုန် ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁) ရပ်ကွက်ရှိ ရာဇသင်္ကြန်ဈေး၌ ကိုဗစ်-၁၉ ရောဂါကာလ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က လက်ကိုင် အသံချဲ့ စက်များဖြင့်လှည့်လည်၍ အသိပေးနှိုး ဆော်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ယဉ်ယဉ်ဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးလှထွေး၊ အမှတ်(၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်တင်ထွန်းနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ရာဇသင်္ကြန်ဈေးရှိ ဈေးဝယ်သူများနှင့် ဈေးရောင်းချ သူများအား ကိုဗစ်-၁၉ရောဂါ ကာလ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံမှုမရှိစေရေး နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် ဈေးအတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင်