နယ်ရုံးများ၏သတင်းများ

Sep 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်းသို့ ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်မှုအား ယမန်နေ့မွန်းလွဲ(၃:၀၀)နာရီ အချိန်ခန့် က အမှတ်(၁)ရပ်ကွက်သို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် ယမန်နေ့ည ၈ နာရီ အချိန် ခန့်က လူသတ်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
Sep 10,2020
ကချင်ပြည်နယ်၊ ၊မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမ ရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၈) ရက်နေ့ ညနေ(၅)နာရီခွဲ က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။
Sep 10,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေ စိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်က ကပ်ထား ပြသဆောင်ရွက်လျက်ရှိသည်။
Sep 09,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work (CFW) စီမံကိန်းဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းခွန်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုသည်။
Sep 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီ က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) လွိုင်လင်မြို့မှ မြို့နယ်အတွင်းရှိ အော်တိုကြိုးဖုန်းများအား FWA (Fix Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင်ပြောင်းလဲ တပ်ဆင်ပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျှက်ရှိရာ MSAN (Multi Service Access Node)/ FWA ( Fix Wireless Access)နှင့် FTTH (Fiber to the Home) စသည့်စနစ်များဖြင့် သုံးစွဲသူပြည်သူများအား ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုအရည်အသွေးများရရှိစေရန်အတွက် အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့် တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။