ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဝိုင်းမော်    စက်တင်ဘာ  ၁၀

ကချင်ပြည်နယ်၊ ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမ ရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၈) ရက်နေ့ ညနေ(၅)နာရီခွဲ က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် ဌာနဆိုင်ရာအကြီး အကဲများမှ မိမိမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ရှောင်ရန်/ ဆောင်ရန်များကို ပူးပေါင်းလိုက်နာ ဆောင်ရွက်ရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်ရန်၊ လက်ဘက် ရည်ဆိုင်၊ စားသောက်ဆိုင် များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်မှုဆိုင်ရာကော်မတီက ပြည်ပမှပြန်လာသူနှင့် ရောဂါ ပြင်းထန်သည့် ဒေသများမှ  ဝင်ရောက်လာသည့် ခရီးသွားပြည်သူများ၏ မြို့အဝင်အထွက်စာရင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ဆောင်ရွက် ရန်နှင့်တွေ့ရှိပါကသက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အမြန်ဆုံး သတင်းပေးပို့တင်ပြသွားရန်နှင့် တက်ရောက် လာသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုလည်း မိမိရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စျေးများ၊ လူစည်ကားရာနေများသို့ သွားလာရာတွင် နှာခေါင်းစည်းများတပ်ဆင်ရေး၊ အရေးကြီးအကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပ သို့ ထွက်ခွာခြင်းမပြုရန်စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားခဲ့ သည်။

ခိုင်သက်မွန်(ပြန်/ဆက်)