နယ်ရုံးများ၏သတင်းများ

Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် (၂၀၁၀ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း) မွေးဖွားသူအမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးထိခိုက်မှု ကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ်တောင်သူစုစုပေါင်း (၂၁)ဦးအား စိုက်ဧက(၅၀)စာအတွက် မျိုးစေ့ဖိုးနှင့် စိုက်စရိတ် ထောက်ပံ့ငွေစုစုပေါင်း (၄၁)သိန်းကျော်အား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန် က မူဆယ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
Aug 25,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန် က မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း က စ၍ တစ်အိမ်တက်/ဆင်း တိုက်ဆိုင်စစ်ဆေးလျက် ရှိသည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောင်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင် အဆင်ပြေစေရန်အတွက် မိုးစပါး (RS-CS) မျိုးစေ့ထုတ်ကွက် (၅)ဧကအား စိုက်ခင်းအတွင်းမျိုးကွဲများ နှုတ်ပယ်ခြင်းကို ယမန်နေ့ညနေပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ရှင်းလင်း ဆွေးနွေးခြင်းကို မြို့နယ်ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် သစ္စာစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က မိုင်းလွေကျေးရွာအုပ်စု လောင်ကျန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီအချိန် က စ၍ ကွန်ဟိန်း တံတားစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။