နယ်ရုံးများ၏သတင်းများ

Aug 25,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့သည် ယနေ့က တစ်အိမ်တက်/ဆင်းစနစ်ဖြင့် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး (RS to CS) မျိုးစေ့ထုတ် စိုက်ပျိုးမှုကို ဧက(၅၀)ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီ က နားမွန်းကျေးရွာရှိ တောင်သူဦးစိုင်းဆေထ ၏ ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်း၌ ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာရှိ တိုက်ပွဲရှောင်စခန်း(IDPs)မှ တိုက်ပွဲပြည်သူများ အတွက် တစ်ကိုယ်ရည်သုံးအထောက်အကူပြု ပစ္စည်းများနှင့် ထုံးအိတ်များကို ကွတ်ခိုင်မြို့နယ် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ပေးအပ် ထောက်ပံ့သည်။
Aug 25,2020
ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနား သုံးခွမြို့၌ ကျင်းပ
Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့တွင်းရေလျှံမှုများဖြစ်ပေါ်ကာ စည်ပင်သာယာရေးဌာနမှ အမှိုက်များနှင့်နုံးများကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကြိုတင်ကာကွယ်ရေး ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်လျက် လင်းခေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ပူးပေါင်း အဖွဲ့သည် ယနေ့နံနက် ၇နာရီ က လင်းခေးမြို့ ယာယီစျေး၊ မြို့မစျေးရှိ လူအများ အသွားအလာ များသည့် နေရာတို့၌ အဆိုပါလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Aug 25,2020
နမ္မတူမြို့နယ်ရှိ နားကျဲကျေးရွာ၌ စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ ဖွံ့ဖြိုးရေးအထောက် အကူပြု ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နားကျဲကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။