နယ်ရုံးများ၏သတင်းများ

Sep 03,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံး ရှုံးစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင် ကန် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးသည်။
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။
Sep 03,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 03,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ၊ တဲကြီးကုန်း ကျေးရွာရှင်းလင်းဆောင်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် (၈) နာရီက ကျင်းပ ခဲ့သည်။
Sep 03,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၈၁၂၉ စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၅၆၂၅၈၀၀၀၀) ကို စတုတ္ထအကြိမ် အဖြစ်ထောက်ပံ့ငွေများကို
Sep 03,2020
ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးခြင်းနှိုးဆော်ချက်များအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၁၉)ရပ်ကွက်တွင် ညစဉ်လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေး လျက်ရှိပါသည်။
Sep 03,2020
ရန်ကုန်တောင်ပိုင်းခရိုင်‌ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်များ အပြင်ဌာနဆိုင်ရာရုံးများအား ယ‌နေနံနက်က ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များလက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက် ငှားရမ်းပေးနေ‌ကြောင်း သိရသည်။
Sep 03,2020
ရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့်ပြည်သူများ အသိပညာဗဟုသုတရရှိ‌စေရန်ရည်ရွယ်၍ ယနေ့နံနက်က သရက်‌တော ကျေးရွာ၌စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် ကိုဗစ်-၁၉‌ကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေး လုပ်ငန်းများအရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြောင်း‌ သိရသည်။