နယ်ရုံးများ၏သတင်းများ

Aug 25,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် ၂ နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက္ဖက်ရည်ဆိုင်များနှင့် တည်းခိုခန်း များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များနှင့် စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် (၉) နာရီအချိန် က စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 25,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၀)ကို ယနေ့နံနက်(၁၀)နာရီအချိန် က ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မူဆယ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ ဝက်မွေးမြူရေးသင်တန်းနှင့် သိုး၊ ဆိတ် မွေးမြူရေးသင်တန်းကို ပန်ဆိုင်း(ကြူကုတ်) မြို့၊ အလက(ခွဲ)ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက် ရှိသည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန် က ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တစ်အိမ် တက်/ဆင်း အိမ်တိုင်ရာရောက် မဲစာရင်းကောက်ယူရေးအဖွဲ့များက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိကျေးရွာများသို့ ယနေ့နံနက်ပိုင်း က သက်ဆိုင်ရာအုပ်စုတာဝန်ခံများ က ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Access to Health ရန်ပုံငွေဖြင့် မာရီစတုပ် (စ်)မြန်မာနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန် က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။