ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ရွာသစ် စက်တင်ဘာ ၁၀


စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြင့်မားမှုရှိစေရန် ရည်ရွယ်၍ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club)တို့ ပူးပေါင်းကျင်းပသော စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ” စာအုပ်အား စာဖတ်ဝိုင်း (Book Review)ကို ယမန်နေ့ နံနက် ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဆွေဆွေအေးက စာဖတ်ဝိုင်းကျင်းပ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ကို ရွာသစ်မြို့ အမျိုးသမီးရေးရာအဖွဲ့  ဒေါ်ဘေဘီထက်ဝင်း တို့က ဦးဆောင်ဆွေးနွေးကာ စာပေဝါသနာပါသူများကလည်း ထိုစာအုပ်ပါ အကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ရုံးတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများနှင့် စာအုပ် စာစောင်ပြပွဲများအား တက်ရောက်လာသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)