နယ်ရုံးများ၏သတင်းများ

Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိရေးနှင့် မဲဆန္ဒရှင်စာရင်းကျန်ရှိမှု မရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်း မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ကျန်ရှိနေသေးသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ယနေ့က အိမ်တိုင်ရာရောက် စစ်ဆေးသည့်စနစ်ဖြင့် ဆက်လက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၊ အောင်ပန်း-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် အိမ်သုံးယာဉ်များတွင် လိုက်ပါစီးနှင်းသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးနှာခေါင်းစည်းများ စနစ်တကျတပ်ဆင်အသုံးပြုကြစေရန် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 25,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိသည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ MPT “ငွေမိုးဖြိုင်ဖြိုင်” ကံစမ်းမဲအစီအစဉ် ပထမအပတ်စဉ်မြောက် ကံထူးရှင် ၂ ဦး ထွက်ပေါ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
Aug 25,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စီးပွါးရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် Mask နှင့် Hand Gel များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုအရ အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့် ပြည်သူများကို ယနေ့နံနက် ၉ နာရီခွဲ က SRHR (Sex and Reproductive Health and Rights) အဖွဲ့မှ တာဝန်ရှိသူများက စားသောက် ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို အမှတ်(၅)ရပ်ကွက်ရှိ ၄ထပ်ဆောင် Quarantine အဆောက်အဦတွင် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်းရှိ အသက် (၉) နှစ် မှ (၁၀)နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။