ကျေးသီး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁)နာရီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျေးသီးမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦး က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ ဦးဇေယျာနိုင် က ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်နေသည့် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမူအခြေအနေ၊ မြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည်စာရင်းကြေငြာထားရှိမူ အခြေအနေ၊ မဲဆွယ်စည်းရုံးကာလအတွင်း ပါတီအသီးသီးအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မဲဆွယ် စည်းရုံးသွားကြရန် နှင့် မဲစာရင်းနှင့်မဲရုံထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည့်မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည် ဖြေကြားပေးခဲ့သည်။ အဆိုပါ အခမ်းအနားတို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ၊ စေ့စပ်ညှိနှိုင်း ရေး ကော်မတီအဖွဲ့ဝင်များမှ တာဝန်ရှိသူများ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)