ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာ‌ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

ကျိုင်းတောင်း စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစီး (Mask) များ တပ်ဆင်သွားလာရေး အသိပညာပေးနှင့် နှာခေါင်းစီး (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁နာရီ က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျိုင်းတောင်းမြို့  ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများ၊ ကားဂိတ်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ Mask မတပ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ မဖြစ်မနေ အပြင်သွားလာရန် လိုအပ်ပါက မိသားစုအတွင်း တစ်ဦးတစ်ယောက်တည်း သွားလာကြရန် အစရှိသည့် အကြောင်းအရာများကို အသိပညာပေးဆောင်ရွက်ပြီး Mask များ တပ်ဆင်ခြင်းမရှိဘဲ သွားလာ နေသော ပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)