ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပညာရေးမိသားစုက အလှူငွေများသွားရောက်လှူဒါန်း

ပန်းတနော်၊ အောက်တိုဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့်  ပညာရေးမိသားစုတို့ စုပေါင်း၍    ကိုဗစ်-၁၉    ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါ ပြည်သူ့ဆေးရုံကြီး၌  ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပန်းတနော်မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းမိသားစုတို့ စုပေါင်း၍ မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် အလှူငွေကျပ် (၂၅)သိန်းအား သွားရောက်လှူဒါန်းခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးမင်းသန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)