ဒေးဒရဲ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ် မီးသတ်ဦးစီးဌာနရှိတပ်ဖွဲ့ဝင်များသို့ အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်နှင့် ဆီများကို ယနေ့ နံနက် ၈ နာရီတွင် လာရောက် ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် (၁၂)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့၊ အောင်မင်္ဂလာကွက်သစ်နေ မောင်စွမ်းဖြိုးလျှံနှင့် မနော်နွေးနွေးလျှံ မောင်နှမ(၂)ဦးက ဒေးဒရဲမြို့နယ် မီးသတ်စခန်းရှိ မီးသတ်တပ်ဖွဲ့ဝင် (၃၄)ဦးသို့ တစ်ဦးလျှင် ဆန်(၂)ပြည်နှင့် ဆီ(Goody) (၁)ဗူးဆီ စုစုပေါင်း ဆန်(၃)အိတ် နှင့် ဆီ (၃၄)ပုလင်းအား လာရောက် လှူဒါန်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှုး ဦးတင်ဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)