လေးမျက်နှာ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် (၂၀၂၀ - ၂၀၂၁) ဘဏ္ဍာနှစ် ငွေလုံးငွေရင်းလုပ်ငန်းများ၌ တင်ဒါအောင်မြင်ခဲ့သည့် ရွှေအောင်လံကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော နှစ်ခန်းတွဲ အရာရှိအိမ်ယာနှင့် အမှတ်(၃)ရပ်ကွက် အောင်ဇေယျ လမ်းသွယ် မြေရော ကျောက်ခင်းခြင်းနှင့်pite culvert တံတား(၁)စင်း၊ အမှတ်(၁)ရပ်ကွက် သီရိအောင် မြေလမ်းတွင် pite culvert တံတား(၁)စင်း၊ အမှတ်(၁)ရပ်ကွက် သီရိအောင်မြေလမ်းမကြီးတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် လေးမျက်နှာမြို့နယ် လမ်းတံတားအဆင့်မြှင့်တင်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌ ဉီးကြိုင်၀င်း၊ အဖွဲ့၀င်များဖြစ်ကြသည့် ဦးမြင့်သိန်း၊ ဦးမြင့်၀င်း၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်အင်ဂျင်နီယာ ဦးဇော်မင်းထွန်း၊မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ၊ အမှုဆောင်အရာရှိ ဦးအောင်ဇေယျနှင့် တာ၀န်ခံ အင်ဂျင်နီယာများ ပါဝင်သောအဖွဲ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ ရွှေအောင်လံကုမ္ပဏီမှ အစစ်ဆေးခံ ရှင်းလင်းပြသ၍ အများပြည်သူများ သွားလာရေး အဆင်ပြေစေရန် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)