မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၂
မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စျေးများမီးဘေးလုံခြုံရေး စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယခုကာလသည် ပွင့်လင်းခြောက်သွေ့သောရာသီ ရောက်ရှိနေပြီဖြစ်ပါသောကြောင့် မီးဘေး အန္တရာယ် မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ လိုက်ပါ၍ မြို့မစျေး၊ အောင်သာစျေး၊ ဆိပ်ကမ်းသာစျေး တို့ရှိစျေးဆိုင်များအား စစ်ဆေးဆောင်ရွက်သည်။
အဆိုပါ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်နှင့် သန္ဓေတပ်ဖွဲ့ဝင် များမှ စျေးအတွင်း၊ အပြင် စျေးဆိုင်များအား ဝင်ရောက် စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှု၊ အခြေအနေများနှင့် လွယ်လင့်တကူ အသုံးပြုတက်စေရန် ဆောင်ရွက်ပေးခြင်းများ ပြသပေးခြင်း၊ မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်းရှိ၊ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သီတာအောင်(ပြန်ဆက်)