မအူပင် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ပါက နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးသွားလာရန်နှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး သွားလာရန် အသိပညာပေး နှိုးဆော်ခြင်း နှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဝန်ထမ်းများ၊ ကျန်းမာရေးကြီးကြပ်အသင်းက ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေးအား ပေါ့ဆမှုမဖြစ်စေရန် အသိပညာပေးခြင်းကို မြို့မစျေး၊ အခွန်လွတ်စျေး၊ ဘုရားလမ်းနှင့် တေဇလမ်းထောင့် စသည့်လူအများ စည်ကားရာနေရာများတွင် အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)