ဖားဆောင်းမြို့နယ်တွင် က​လေးသူငယ် ကာကွယ်​​စောင့်​ရှောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲပြုလုပ်

ဖား​ဆောင်း  ဒီဇင်ဘာ  ၂၈

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ကြီးမှူး၍ က​လေးသူငယ် ကာကွယ်​ စောင့်ရှောက်​ရေး အသိပညာ​ပေး ​ဟော​ပြောပွဲပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး​ ဒေါ်ဝင်းဗိုလ်က က​လေးသူငယ်တစ်ဦးတွင် အသက်ရှင်သန်မှုဆိုင်ရာ အခွင့်အ​ရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အ​ရေး၊ ကာကွယ်​စောင့်ရှောက်မှု ဆိုင်ရာ အခွင့်အ​ရေး၊ ပါဝင်​ဆောင်ရွက်မှုဆိုင်ရာ အခွင့်အ​ရေး၊ က​လေးသူငယ် ဥပ​ဒေအရ ပေးထား​သော အခွင့်အ​ရေးများနှင့် က​လေးသူငယ် အခွင့်အ​​ရေးများဆိုင်ရာ ဥပ​ဒေနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး​ ဟော​ပြောခဲ့ပြီး က​လေးသူငယ်အခွင့်အ​ရေး တစ်စုံတစ်ရာ ဆုံးရှုံးမှုများ ကြုံတွေ့ရပါက ရဲစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အခြား​သော လူမှု​ရေးဆိုင်ရာ အဖွဲ့အစည်း၊ မြို့နယ်/ခရိုင် က​လေး သူငယ် အခွင့်အ​ရေးဆိုင်ရာ​ ကော်မတီ၊ မိဘ၊ အုပ်ထိန်းသူ၊ ရပ်ကွက်​ကျေးရွာ အုပ်ချုပ်​ရေးမှူး၊ တရားမျှတမှုစင်တာနှင့် တရားရုံးသို့ ချိတ်ဆက်​ဆောင်ရွက်နိုင်​ကြောင်း​ ပြောကြားခဲ့သည်။

အဆိုပါ က​​လေးသူငယ် ကာကွယ်​စောင့်​ရှောက်​ရေး အသိပညာ​ပေး​​ ဟော​ပြောရာသို့ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်ဝင်းဗိုလ်နှင့် ဝန်ထမ်းများ၊​ မြောက်ပိုင်းရပ်ကွက်ရှိ ကလေးသူငယ်(၁၅)ဦး တက်​ရောက်ခဲ့​ကြောင်းနှင့် က​လေးသူငယ် ကာကွယ်​စောင့်​ရှောက်​ရေး အသိပညာပေး လက်ကမ်းစာ​စောင်များလည်း ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)