အင်္ဂပူ ဇန်နဝါရီ ၁၂
အင်္ဂပူမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကွင်းကောက် အ-ထ-က (Community Based Facility Quaratine Centre)သို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ ညနေ ၅ နာရီက ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲရင့်လှိုင်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် Black Gloves (၄၀၀)ခု၊ မျက်နှာကာဗာ (၂၀) ခု၊N-95 mask(၂၅၀)ခု၊ စသည်တို့ကို ပေးအပ်ရာ (Community Based Facility Quaratine Centre)မှတာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် တာဝန်ရှိသူများမှ ကွင်းကောက်(မြောက်)ဒေသနှင့် ကွင်းကောက်(တောင်)ဒေသတို့အား Lock Down ချထားမှုအခြေအနေများ၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးစစ်ဆေးရေးဂိတ်များမှ တာဝန်ရှိသူများ အခက်အခဲများ လိုအပ်ချက်များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့သည်။
ကွင်းကောင်(မြောက်)နှင့် ကွင်းကောက်(တောင်)ဒေသတို့သည် ဒေသတွင်း၌ကိုဗစ်-၁၉ရောဂါ ကူးဆက်ပြန့်ပွား လာမှုကြောင့် (၁၀-၁-၂၀၂၀) ရက်နေ့မှ (၂၃-၁- ၂၀၂၁)နေ့အထိ Stay Home ကာလသတ်မှတ် ထားကြောင်း၊ Stay Home ကာလအတွင်း ပြည်သူများ အဆင်ပြေစေရေး အတွက် အခြေခံစားသောက်ကုန်များကို ရွေ့လျားဈေး မော်တော်ယာဉ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)