ပန်းတနော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁,၂၇၃)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ပန်းတနော် သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁,၂၇၃)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်က သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ထိုမှတစ်ဆင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၅၂)အုပ်စု ရှိပြီး အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွား (၁,၂၇၃)တို့ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)