နောင်ချို ဩဂုတ် ၃၁ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးမှုများကို ယမန်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၊ နားရှိုးရွာ တိပိဋက ကမ္ဘောဇကျောင်းတော်မှ သံဃာတော်များ၌ ရောဂါပိုးကင်းစင်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသိရသည်။
ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များလိုက်ပါ၍ ဆောင်ရွက်ခဲ့ကြပြီး ကျေးရွာအတွင်း နေထိုင်ကြသောပြည်သူများ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရသော်လည်း အဆိုပါ တိပိဋကမ္ဘောဇကျောင်းတော်မှသံ ဃာတော် (၁၂၅)ပါး၌ ရောဂါပိုးမတွေ့ရဘဲ တစ်ကျောင်းလုံး ရောဂါကင်းစင်လျက်ရှိကြောင်းသိရသည်။
အဆိုပါ တိပိဋကမ္ဘောဇကျောင်းတော်တွင် သီတင်းသုံးတော်မူကြသော သံဃာတော်အပေါင်းတို့ ကို ပစ္စည်း(၄)ပါးအား တောင်ရှည်အုပ်စု၊ အင်းဖိုအုပ်စု၊ ရေတွင်းကြီးအုပ်စု၊ မဲပုတ်အုပ်စု၊ နောင်ချိုမြို့ပေါ် နှင့်ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များက လှူဒါန်းပေးကြပြီ ၂၈.၆.၂၀၂၁ မှစ၍ ဆွမ်းခံမကြွပဲ Lock down စနစ်ဖြင့် ကျင့်သုံးနေထိုင်ခဲ့ကြကြောင်း၊ အလှူရှင်များမှ နေ့စဉ်ရက်ဆက် မငြီးမငြူဆွမ်းများလောင်းလှူ ကြခြင်း၊ ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များ ကလည်း ကျောင်းတော်ထဲကို မဝင်ဘဲအဝေးမှပေးပို့ လှူဒါန်းပေး ခြင်းတို့ဖြင့် စည်းစနစ်ကျစွာ နေထိုင်ခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများကြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း မရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)