ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဘာသာပေါင်းစုံသုဿာန်မြေနေရာ၌ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်

 

ပူတာအို စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဘာသာပေါင်းစုံ သုဿာန်မြေနေရာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၇) နာရီက အဆိုပါ မြေနေရာ၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများ၊ ကောင်ကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ခြုံနွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များအား စုပေါင်းအမှိုက်သိမ်း ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ စစ်ဗျူဟာ(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းသိမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့၀င်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)