ရွှေပြည်သာမြို့နယ်၌ ကျန်းမာရေးအသိပေးခြင်း၊ သတိပေးနှင့်အသက် (၅၅)နှစ်ပြည်သူများကာကွယ်ဆေး ထိုးနှံရန် လှည့်လည်နှိုးဆော် ခြင်းများဆောင်ရွက်

ရွှေပြည်သာ အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင် စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပေးခြင်း၊ သတိ ပေးခြင်းနှင့် အသက်(၅၅)နှစ်အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး လှည့်လည်နှိုးဆော်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာများအတွင်း ယမန်နေ့ညနေပိုင်း အချိန်မှစ၍ အသံချဲ့စက်ဖြင့်လှည့်လည် နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့လှည့်လည်နှိုး ဆော်ခြင်းများဆောင်ရွက်ရာတွင်  ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို   ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြုမူနေထိုင်ကြရန်   စသည့်အသိပေးခြင်းများနှင့်အတူ မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်း  အသက် (၅၅)  နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူများကို အ.ထ.က(၄)နှင့် အ.ထ.က(၇)   တို့တွင်စုရပ်(၂)ခုခွဲ၍ အောက်တိုဘာ(၅)ရက် နေ့နံနက် (၉)  နာရီမှစတင်၍  ဇီးကုန်း ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၈) ရပ်ကွက်နှင့် အမှတ်(၂၀)ရပ်ကွက်တို့တွင် အဖွဲ့(၃)ဖြင့် (၂)ချိန်ခွဲ၍ ထိုးနှံသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍မိဘပြည်သူများ အနေဖြင့်မိမိတို့၏ သက်ဆိုင်ရာစုရပ်နေရာတွင်ကာကွယ် ဆေးသွားရောက်ထိုးနှံ ပေးကြပါရန်တို့ကိုတိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

မြိုနယ်အတွင်းတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်း ချုပ်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက ကာကွယ် ဆေးထိုးနှံရန်  ကျန်ရှိသည့်  ဦးတည်အုပ်စုများနှင့်အကြောင်းအမျိုးမျိုး ကြောင့်ကာကွယ်ဆေးထိုးရန်ကျန်သူများအားရပ်ကွက်၊ ကျေးရွာများအလိုက် သတ်မှတ်ထားသည့်စုရပ် နေရာများတွင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက် အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းကောက်ယူခြင်းတွင် စာရင်းများကျန်မှုမရှိ စေရေးဆော်သြခြင်း၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများ ကာကွယ် ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူခြင်း၊ သတ်မှတ် နေ့ရက်များတွင် ရပ်ကွက်၊ ကျေးရွာများတွင်ကာကွယ် ဆေးများထိုးနှံနိုင်ရေး  နှိုးဆော် ပေးခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်း၊ အောက်ဆီဂျင် ဖြန့်ဝေပေးခြင်း၊ ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို    အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း  သိရသည်။

အေးမိုး(ပြန်/ဆက်)