ဟားခါး စက်တင်ဘာ ၃၀
ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၅ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁၉ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၀၁၉ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၈၇၄ ဦး၊ သေဆုံးသူ ၃၀ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၁၅ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)