လပွတ္တာ စက်တင်ဘာ ၃၀
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘ၀မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို လပွတ္တာ မြို့နယ်(၂)မိုင်၊ အောက်ချောင်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့ နံနက် (၁၁) အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် လပွတ္တာခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွှန့်က အဖွင့်အမှာစကား ပြောကြားပြီး လပွတ္တာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရီရီမြင့်က မြန်မာနိုင်ငံ၏ ပတ်၀န်းကျင်ဇုံများအရ သီးနှံအမယ်စုံစိုက်ပျိုးရေးဆိုင်ရာ မြန်မာနိုင်ငံ၏စိုက်ပျိုးမှု ပတ်၀န်းကျင် ဇုံများ သတ်မှတ်ခြင်း၊ စိုက်ပျိုးမှုပတ်၀န်းကျင်ဇုံများအလိုက် အဓိကစိုက်ပျိုးဖြစ်ထွန်းနိုင်သော သီးနှံများ၊ အမယ်စုံသီးနှံစိုက်ပျိုးရေးအတွက် ရှုထောင့်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားသင့်သည့် အခန်းကဏ္ဍများ၊ သက်ဆိုင်သည့်ကိစ္စရပ်များနှင့် ပြဿနာများ၊ မြေအမျိုးအစား(၅)မျိုး စသည့် အချက်အလက် များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘ၀ မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ၀န်ထမ်းများ၊ ဆန်စပါးလုပ်ငန်းရှင်များ၊ ပိုးသတ်ဆေးရောင်းသူများ၊ မျိုးသန့်ထုတ် တောင်သူလယ်သမားများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သောဌာနများ တက်ရောက် ခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်