နယ်ရုံးများ၏သတင်းများ

Jan 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပန်းအလှပြင်နည်းသင်တန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့ နေ့လယ်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အမှတ် (၁) ရပ်ကွက် ချယ်ရီလမ်း(တောင်)ရှိ မိခင်နှင့် ကလေးဆေးခန်းဆေးထိုးစုရပ်တွင်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအား Phase-6 (ပထမအကြိမ်) ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီ အချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 
Jan 11,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့်ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပယကျကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Jan 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်း ဆောင်းသီးနှံနှင့်နွေစပါးစိုက် တောင်သူများ သို့ စက်ရုံထုတ်စျေးနှုန်းအတိုင်း ယူရီးယားဓါတ်မြေဩဇာများ ရောင်းချခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ရက်နေ့ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “လူငယ်နဲ့ အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Jan 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနံနက် (၁၁) နာရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေများ သိပညာပေး Talk Show ကျင်းပခဲ့သည်။
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိသည်။
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးအစီအစဉ်များရိုက်ကူးကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ဖွင့်လှစ်ထားသည့် မိုင်းခုတ်မြို့ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။