Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသိပညာပေး လုပ်ငန်းများကို ပြည်သူများ Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကျောင်းသားသူငယ်များ စာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Online အသိပညာပေးအစီအစဉ်များကို ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။