သရက်မြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ

သရက် နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖွဲ့ဝင် ဦးသန်းစိုးက အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း ပြောကြားပြီး ပြိုင်ပွဲဝင်သူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆု ဦးခင်မောင်ဌေး၊ ဒုတိယဆု ဦးရာဇာနှင့် တတိယဆု ဦးကျော်စိန်တို့ ဆုရရှိကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမဆုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် ဒုတိယဆုနှင့် တတိယဆုတို့ကို (Women Club) အဖွဲ့ဝင် ဒေါ်အေးအေးရီနှင့် ဒေါ်ဖြူဖြူဟန်မှ ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)