နယ်ရုံးများ၏သတင်းများ

Sep 15,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၊ အ.ထ.က(၁)ပြည်၊ နှောကုန်းကျေးရွာအုပ်စု ဓမ္မာရုံနှင့် မှော်ဇာကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲ အစရှိသည့် ဆေးထိုးစုရပ်နေရာ လေးခုတို့၌ ယနေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိသည်။
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဦးစားပေးအုပ်စုများ အလိုက်ဩဂုတ်လ(၂၈)ရက်နေ့မှ စ၍ ကာကွယ် ဆေးများကို (ဒုတိယအကြိမ်)ပြန်လည်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌
Sep 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို (၃.၅.၂၀၂၁) စတင်၍ ဆောင်ရွက်​ပေးလျက် ရှိ​ကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဝက်ဝမ်းကျ ရောဂါနှင့် ကျွဲနွား ခွာနာ လျှာနာ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ‌‌ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား သက်ဆိုင်ရာ မိမိတို့၏ ရပ်ကွက်ကျေးရွာ ဆေးထိုးရက်များအတိုင်း သက်ဆိုင်ရာနယ်မြေအလိုက် ဆေးထိုးစုရပ်နေရာ များတွင် ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။
Sep 15,2021
မြို့နယ်အတွင်းလုပ်ငန်းဆောင်မှုမှတ်တမ်ဓာတ်ပုံများနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ချက် များကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦး စီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နက်(၁၀)နာရီအချိန် က ပြသဆောင်ရွက် ခဲ့သည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသူများအား ပထမအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက စတင်ကာ ဖြူးမြို့ မိုးလုံလေလုံ အားကစားရုံ၊ ဇေယျဝတီမြို့၊ ကညွတ်ကွင်းမြို့၊ ညောင်ပင်သာဒေသနှင့် ကျော်လှကျေးရွာ တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးဆောင်သော ဝန်ထမ်းများက အနောက်ဘက်ကျေးရွာ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲမှမွန်းတဲ့ (၁၂)နာရီအချိန်ထိ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်