သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

သီပေါ   ဇန်နဝါရီ   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်ဦးစီးမှူးက ရောင်စုံစက္ကူများဖြင့်  ပန်းပွင့်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို ပြုလုပ်ဆောင်ရွက်ပြကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အားလပ်ချိန်တွင် စိတ်အပန်းပြေ ပျော်ရွှင် စေရန်နှင့်လိုက်ပါပြုလုပ်ဆောင်ရွက်နိုင်စေရန်Onlineမှ တစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

 ခင်လေး