ပေါင်းတည် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု လျော့နည်းကျဆင်းနေသော်လည်း အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)အပါအဝင် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများကမင်းကွက်(၁)ရပ်ကွက်အတွင်း လိုက်လံအသိပညာပေး နှိုးဆော်ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskကို စနစ်တကျတပ်ဆင်ရန်၊ Maskမတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်စသည့် အချက်များကို အသိပေးနှိုးဆော်ကြောင်း သိရသည်။
အေးအေးဆင့်