မိုင်းယု ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “လူငယ်နဲ့ အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးအားချာက ယနေ့ လူငယ်များသည် နောင်အနာဂတ်တွင် ဦးဆောင်သူဖြစ်လာမည်ဖြစ်ကြောင်း၊ လူငယ်များ အနေဖြင့် စာပေတွင် မွေ့လျော်ပြီး စာဖတ်အားကောင်းရမည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်မားရေးအတွက် Book Club အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစိုင်းလှသက်က “လူငယ်နဲ့အခွင့်အလမ်း”ခေါင်းစဉ်မှ လူငယ်တွေဟာ အပျော်အပါး၊ အရက်သေစာနှင့် မူးယစ် ဆေးဝါး၏ သားကောင်မဖြစ်သင့်ကြောင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းက လူငယ်လူကြီးအားလုံး ကိုယ့်နေရာ၊ ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကိုသာ အကောင်းဆုံးလုပ်သင့်ကြောင်း ဆွေးနွေး ပြောကြားပြီး၊ တက်ရောက်လာသည့် Book Club အသင်းဝင်များနှင့် စာထောက်(၃) ဒေါ်နန်းကောင် ကျောက်တို့က “လူ့တန်ဖိုး”ခေါင်းစဉ်နှင့် “အောင်မြင်မှုရယူခြင်း”ခေါင်းစဉ်တို့ကို ဖတ်ကြားကာ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။
အားချာ