မိုင်းခတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ သုတ/ရသ စာအုပ်စာစောင်များမိတ်ဆက်ခြင်း၊ အရုပ်ခေါက်ပြ ခြင်း အစီအစဉ်နှင့် အသိပညာပေး Talk Show အစီအစဉ်များအား ရိုက်ကူးပြီး မြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပန်ကြားချက်များကိုလည်း ဒေသခံ တိုင်းရင်းသား ပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။