မိုင်းခုတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးအစီအစဉ်များရိုက်ကူးကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ဖွင့်လှစ်ထားသည့် မိုင်းခုတ်မြို့ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေါ်ယဉ်ယဉ်ဝင်းက ဉီးသိန်းဆွေ (ကျန်းမာရေးမှူး-ငြိမ်း)ရေးသားသည့် '' ပြည်သူ့အတွက်ကျန်းမာရေးဗဟုသု တ''စာအုပ်နှင့် ပီတိ(ပေကြီး)ရေးသားသည့် ''ပြည်သူတွေကိုသိစေချင်တဲ့ပြည်သူ့နီတိအခြေခံသိစရာများ'' စာအုပ်တို့ကိုမိတ်ဆက်ရိုက်ကူးကာ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ် များအတွက် အသိပညာဗဟုသုတများရရှိစေရန် သုတ/ရသစာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြော ပြခြင်းအစီအစဉ်များနှင့် ကဗျာရွတ်ဆိုခြင်းအစီအစဉ်များကို မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဉီးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူး၍ Online မှတစ်ဆင့် လွှင့်တင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း