ကြံခင်း ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ရွာသစ်ရပ်ကွက်၊ တာကြီးတန်း၊ တာဝတိံသာလမ်းတွင် ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်က ဝါယာကြိုးအပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးကျော်မင်းဦး အသက်(၅၉)နှစ်(ဘ)ဦးသောင်းပြို ပိုင်ဆိုင်သော ပရဲဆင့်စားသောက်ဆိုင် (၇၀×၂၀) ပေ သွပ်မိုး၊ အုတ်ကာ (တစ်ထပ်တိုက်) အဆောက်အဦ မျက်နှာကျက်အတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ မျက်နှာကျက်သို့ မီးကူးစက်လောင်ကျွမ်းနေကြောင်း တာဝန်သိ ပြည်သူတစ်ဦးထံမှ သိရသဖြင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ရာ(၁)နာရီမိနစ်(၂၀)တွင် မီးထိန်းနိုင်ခဲ့ပြီး (၁)နာရီမိနစ်(၃၀)တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် မျက်နှာကျက်အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဆိုင်ရှင် ဦးကျော်မင်းဦး (ဘ)ဦးသောင်းပြိုအား ကြံခင်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)