(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်ပြပွဲ၊ ပြခန်းများ ပြုလုပ် ဆောင်ရွက်

သီပေါ ဇန်နဝါရီ ၁၇

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ နှင့် စာအုပ်စာစောင် ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက  ပြည်ထောင်စု နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်နှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် ပြည်ထောင်စုနေ့ နှင့်ပတ်သက်သည့်  မေးခွန်းများမေးမြန်းရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြေဆိုခဲ့ကြကာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်သူများ အား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက်ပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ခင်လေး