ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေးနှိုးဆော်

ထန်းတပင်(ပဲခူး)     ဇန်နဝါရီ    ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုး များကိုသတိပြုကာ မိမိကစ၍ ကာကွယ်ပါအသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း အောင်မင်္ဂလာရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ဆက် လက် ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခွာခွာနေထိုင်ပါ၊ နှာချေ၊ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးပါ၊ ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ စသည့် အချက်များကို ပြည်သူများအားလုံး ဆက်လက်လိုက်နာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။