မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေးလှည့်လည်နှိုးဆော်

မိုင်းဆတ်    ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီက မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

 ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်နှင့် အခြားသူများ အိမ်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊  မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ “ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ် သည် မူလကိုဗစ်-၁၉နှင့် မတူခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း တို့ကြောင့်  ပြည်သူလူထုအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်းစသော ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များကို အလေးထား လိုက်နာပြီးကာကွယ်ကြရန်” Hand Speaker အသုံးပြု၍  မယ်ဆွမ်တောင်ရပ်ကွက်(နောင်ဟီးရပ်)နှင့် ဝိန်းနေရပ်ကွက်တို့တွင် လှည့်လည် အသိပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။   

 မြင့်မောင်