မြန်အောင်မြို့ ဝေဠုဝန်အတုလသယမ္ဘူဘုရားကြီး ဗုဒ္ဓပူဇနိယအနေကဇာတင်မင်္ဂလာနှင့် ဝေဠုဝန်ပရိယတ္တိစာသင်တိုက် နာယကပ ဓာနစာချဆရာတော် ဘဒ္ဒန္တစာရိန္ဒ၏ (၅၇)နှစ်ပြည့် ဝိဇာတအလှူမင်္ဂလာ ကျင်းပပြုလုပ်

မြန်အောင်  ဇန်နဝါရီ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်အတုလသယမ္ဘူဘုရားကြီး ဗုဒ္ဓပူဇနိယအနေ ကဇာတင်မင်္ဂလာနှင့် ဝေဠုဝန်ပရိယတ္တိစာသင်တိုက် နာယကပဓာန စာချဆရာတော် ဘဒ္ဒန္တစာရိန္ဒ (သာသနဓဇ ဓမ္မာစရိယ၊ ဝေဠုဝန်နိကာယ ဝိနိယဝိ သာရဒ၊ ဒိဃနိကာယ ကောဝိဒ)၏ (၅၇)နှစ်ပြည့် ဝိဇာတအလှူမင်္ဂလာပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က နံနက် ၅ နာရီအချိန်တွင် ဝေဠုဝန်အတုလသယမ္ဘူဘုရားကြီး ဗုဒ္ဓပူဇနိယအနေကဇာတင်မင်္ဂလာကျင်းပပူဇော်ပြီး နံနက် ၈ နာရီ တွင် ဘုရားကြီးမုခ်ဦးအား အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆရာတော်ဘဒ္ဒန္တစာရိန္ဒက အတုလသယမ္ဘူဘုရားကြီး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်အတွင်း နှစ်ပေါင်း(၉၆)နှစ်တာကာလက တည် ထားပူဇော်ခဲ့သော အတုလသယမ္ဘူ ဘုရားကြီးအား ရောင်တော်ဖွင့်ခြင်း၊ ရွှေသင်္ကန်းတော်ကပ် လှူပူဇော်ခြင်းနှင့် ဘုရားကြီးသီတင်းသုံးတော်မူရာ ဂန္ဓကုဋိတိုက်တော် ကြီးကိုအလှူရှင် (၁၈၀၀)ကျော်တို့၏ စုပေါင်းကောင်းမှုဖြင့် အသစ်ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ ဝေဠုဝန်အတုလ သယမ္ဘူဘုရား ကြီးဗုဒ္ဓပူဇနိယအနေကဇာတင်မင်္ဂလာနှင့်ဝေဠုဝန် ပရိယတ္တိစာသင်တိုက် နာယကပဓာန စာချဆရာတော် ဘဒ္ဒန္တစာရိန္ဒ၏ (၅၇)နှစ် ပြည့်ဝိဇာတအလှူမင်္ဂလာပွဲကို ပြာသိုလပြည့်ကျော်(၈)ရက်နှင့်(၉)ရက် (နှစ်ရက်) ကျင်းပပြုလုပ်၍ စတုဒီသာအဟာရဧည့်ခံ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)