နယ်ရုံးများ၏သတင်းများ

Feb 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီ အချိန်က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 01,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးမိုးမှဦးစီးပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းပြီး စာဖက်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
Jan 31,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ တက္ကသိုလ် မင်းသူ၏ ထာဝရပျော်ရွှင်ချမ်းမြေ့သော ဘဝစာအုပ်အား ဖတ်ရှုဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် Community Centre ခန်းမ၌ ကျင်းပသည်။
Jan 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ နေနေနိုင်သူ ရေးသားထုတ်ဝေသည့် ဘဝအောင်မြင်ရေး လူ့သဘာဝတ္ထ အပိုင်းအစများ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်း နှစ်ပတ်လည်အစည်းအဝေးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 30,2022
မုံရွာမြို့နယ် စာရေးဆရာအသင်းဝင် (၂)ဦး၏ စာအုပ်(၂)အုပ် မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မုံရွာမြို့ မုံရွာခရိုင် ပြန်ကြား‌ ရေးနှင့်ပြည်သူ့ဆက်ဆံဆက်‌ ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မဲခေါင်စာပေဆုရ ဆရာနေမင်းသန်း ပြုစုသည့် “ဘဝတွက်တာ အရေးပါ ကဗျာသံပေါက်များ” နှင့် ဆရာမ မဉ္ဇူသက ရေးသားသည့် နှလုံးသွေးနဲ့ရေးတဲ့ မှတ်တမ်း(၂) ဆောင်းပါးများ မိတ်ဆက်ပွဲနှင့် အဆိုပါစာအုပ်များ လှူဒါန်းပွဲကို ကျင်းပခဲ့‌ကြောင်း သိရသည်။  
Jan 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)နှင့် အခြေခံပညာဦးစီးဌာန(အင်းစိန်)တို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန်၊ ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။
Jan 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ယမန်နေ့ ည ၇ နာရီအချိန်မှစ၍ silent Strike (အသံတိတ်သပိတ်) နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေးအတွက် အသိပေးထုတ်ပြန်ချက်များကို မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။