နမ့်ဆန် ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဒေါက်တာမေမွန်မှ ရေးသားထားသည့် လောဘကြီးတဲ့ပျားမလေး အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ မိဘပြည်သူများအား ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းများမှ Online မှတဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြော ကဗျာရွတ် ပုံခေါက်ခြင်းများကို နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page မှတဆင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်