ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်

ပျော်ဘွယ် ဇန်နဝါရီ ၂၆

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည့်အတွက် သတိပြုကာကွယ်နိုင်စေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက ထန်းတပင်ကျေးရွာတွင် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရကြသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ နှာခေါင်းစည်းတပ်ဆင်ရာတွင်လည်း မတပ်ခင်လက်ကို စနစ်တကျသန့်ရှင်းရန်၊ အသုံး ပြုပြီးသောနှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ ချောင်းဆိုး နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံသွားရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှုကောင်းမွန်ရေး ဖွင့်ထားကြရန်၊ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်းလိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံနိုင်ရေးတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)