နယ်ရုံးများ၏သတင်းများ

Jan 15,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 15,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ချောက်မြို့နယ်၏ဒ ေသထွက်ကုန်ဖြစ်သော ပါပလာ စားသောက်ကုန်အား စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိရာ ဒေသခံပြည်သူများ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပုံမှန်ဝင်ငွေရရှိသော လုပ်ငန်းဖြစ်ကြောင်း ပါပလာလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများထံက သိရသည်။  
Jan 15,2022
မွန်ပြည်နယ် ​ရေးမြို့နယ်၌ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြား​​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနမှဝန်ထမ်းများသည် ယ​နေ့ ​နံနက်ပိုင်းက သီရိနန္ဒာရပ်ကွက် အတွင်းရှိ လူစည်ကားရာ နေရာများ၌ အသိပညာ​ပေး လှည့်လည်နှိုးဆော်​ပေးလျက်ရှိ​ကြောင်း သိရသည်။
Jan 15,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များစာဖတ်ရှိန်မြင့်မားရေးအတွက် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင်ဗဟု သုတများကို အသုံးချတတ်စေရန်၊ တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ကျောင်းသားကျောင်းသူများဖြင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော ကိုယ့်ကိုယ်ကို ယုံကြည်မှု စာအုပ်ဖြင့် ဇန်နဝါရီလ(၁၄)ရက် နေ့လည်(၁)နာရီအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jan 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းနှင့်  ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Jan 15,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများအား ယနေ့နံနက်ပိုင်းမှစတင်၍  ပြသထားရှိရာ ကျောင်းသား/  ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုလေ့လာကြသည်။
Jan 15,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  အများပြည်သူများ အသိပညာဗဟုသုတပြည့်ဝရေး၊ စာဖတ်ခြင်းဖြင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရေး၊ လူငယ်များ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ပြောရဲ ဆိုရဲ ရှိလာစေရေး၊ စာပေမှရရှိလာသော သင်ခန်းစာများဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာပေဝါသနာရှင်လူငယ်များနှင့် ပူးပေါင်းလျက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော "လူငယ်နဲ့အခွင့်အလမ်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁) နာရီက လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြုလုပ်သည်။