ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကျင်းပ

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ စာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဂျေအားနာက စာကြည့်တိုက်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်/ဆက်ဝန်ထမ်းများက စာကြည့်တိုက်(၄)မျိုးအကြောင်း ဖတ်ကြားဆွေးနွေးခြင်းဖြင့် မိခင်ပြန်/ဆက်ရုံး စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ဒေသနေမိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ လူမျိုးဘာသာမရွေး စာကြည့်တိုက်၏ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များဖြင့် စာအုပ်စာပေများ ဌားရမ်းဖတ်ရှု့စေနိုင်ရန်။ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ စာကြည့်တိုက်ရှင်သန် ဖွံ့ဖြိုးနိုင်ရန်အတွက် ပြည်သူလူထုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ စာကြည့်တိုက်ရှိ စာအုပ်စာပေများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်၏ အဓိပ္ပယ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ရည်ရွယ်ပြီး ပြန်/ဆက်ဝန်ထမ်းများက စာကြည့်တိုက်ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဟင်နရီမီးကိုဆာ