မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းခတ် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေး စာဖတ်ခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း (မိုင်းခတ်)မှ တတိယတန်းကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

 မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်