နယ်ရုံးများ၏သတင်းများ

Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉:၃၀ နာရီက ဖွင့်လှစ်ခဲ့သည်။
Apr 04,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ယနေ့ နံနက် ၉ နာရီအချိန်က ငါ့သရောက်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးရုံးတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၏ GAP စိုက်ပျိုးနည်းစနစ်ဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ငါ့သရောက်မြို့ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
Apr 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊   သမိုကျေးရွာအုပ်စု၊   သမိုကျေးရွာ၌ ၂၀၂၁-၂၀၂၂   ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက်   ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော   အသက်( ၂ )နှစ်အောက် ကလေးငယ်များ (၃၄၃)ဦးအတွက်  ထောက်ပံ့ငွေကျပ် (၁၃၉၃၅၀၀၀/-)ကို  ယမန်နေ့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
Apr 04,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊  ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး မှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်များ ရရှိရန်နှင့် လုပ်ငန်း ခွင်အတွင်း ကျွမ်းကျင်မှု ရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရေးသားထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်မှ အခန်း(၅)(၆)နှင့်(၇)ကိုတတိယပတ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။
Apr 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ဘောဂလိမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သိရှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို    ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက  နေ့စဉ်  အရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေန့နက်ပိုင်းက   ကရင်မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။
Apr 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုယ်ဝန်ဆောင် မေးခိုင်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ပေးသည်။
Apr 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြိုနယ် ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြေသားလမ်းချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ များမှ ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ နေ့လယ် ၁၂ နာရီထိ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။